About Us

About Us

MOP သည် အရည်အသွေးမြင့် ခေတ်မီထုတ်ပိုးမှုများကို ဝန်ဆောင်မှုပေးလျက်ရှိသည့် မြန်မာနိုင်ငံအခြေစိုက်လုပ်ငန်းတစ်ခု ဖြစ်ပါသည်။
MOP ကိုမြန်မာနိုင်ငံတစ်ဝန်း ထုတ်ပိုးမှုစံနှုန်းများ မြှင့်တင်ရန်နှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရေရှည်တိုးတက် အောင်မြင်စေရေးအတွက် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ ကမ္ဘာ့အဆင့်မီ အရည်အသွေးနှင့် ကောင်းမွန်သည့် ဝန်ဆောင်မှုများကို အလွယ်တကူ ရရှိနိုင်ရန်လည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
MOP ၏အဓိကဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာ့အဆင်မီ အရည်အသွေး၊ ပြည်တွင်းအောင်မြင်မှု” ကို အကောင်အထည်ဖော်ရန်အတွက် MOP မှနိုင်ငံတကာ ထုပ်ပိုးမှုစံနှုန်းများနှင့် ခိုင်မာသည့်ပြည်တွင်းပံ့ပိုးမှုများကိုပေါင်းစပ်ကာ အရည်အသွေးမြင့်ပြီး စိတ်ကြိုက်ပြင်ဆင်နိုင်သည့် ထုပ်ပိုးမှုဝန်ဆောင်မှုမျိုးစုံကို ပေးအပ်လျက်ရှိပါသည်။
ယခုအခါ MOP သည်စီးပွားရေးလုပ်ငန်းစတင်သူများအပြင် လက်ရှိလုပ်ငန်းရှင်များအတွက်ပါ Showroom တွင် ကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ အွန်လိုင်းမှသော်လည်းကောင်း အလွယ်တကူမှာယူနိုင်ရန် ဝန်ဆောင်မှုများလည်း ပေးအပ်လျက်ရှိပါသည်။

Mission

Our Mission

MOP သည် မြန်မာနိုင်ငံ၏ ထုပ်ပိုးမှုစံနှုန်းများမြင့်မားလာစေရန် တည်ထောင်ထားခြင်းဖြစ်သည်။ ထိပ်တန်းအရည်အသွေးနှင့် ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများကို ပေးအပ်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းတိုင်းအတွက် ကမ္ဘာ့စံနှုန်းများကို လက်လှမ်းမီ၍ လက်တွေ့ကျကျ အသုံးချစေနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ရန်ဖြစ်သည်။

Mission

Our Vision

မြန်မာနိုင်ငံရှိ အရည်အသွေးမြင့် ထုပ်ပိုးမှုလုပ်ငန်းများအနက် အယုံကြည်စိတ်ချရဆုံးနှင့် အားကိုးအားထားပြုရဆုံး ထုပ်ပိုးမှု လုပ်ငန်းအဖြစ် အသိအမှတ်ပြုခံရရန်။

Manufacturing

Our Clients